Sunday, November 28, 2010

ဂူဂယ် ဝက်ဘ်ဖောင့် စမ်းသပ်ခြင်း

ဂူဂယ် ဝက်ဘ်ဖောင့်စာရင်းမှာ ခမာဖောင့် တွေ့လိုက်တော့ တော်တော်စိတ်ဝင်စားသွားပါတယ်။ မြန်မာဘလောဂ်တွေ ယူနီကုဒ်ပြောင်းဖို့ လမ်းစကောင်းလေးတစ်ခုပါ။ အောက်မှာ ဂူဂယ် ဝက်ဘ်ဖောင့်နမူနာက ယူထားတဲ့ ခမာစာတမ်းလေးကို ခမာဝက်ဘ်ဖောင့် Hanuman နဲ့ထဲ့ကြည့်ထားပါတယ်။ အဓိပ္ပာယ်တော့မသိပါဘူး။

ខ្ញុំអាចញ៉ាំកញ្ចក់បាន ដោយគ្មានបញ្ហា


နောက်မတူတဲ့ OS၊ မတူတဲ့ ဘရောက်ဇာတွေနဲ့ စမ်းကြည့်ပါတယ်။ စာလုံးပုံစံရော၊ ပုံဖော်တာရော အားလုံးတစ်သွေမတိမ်းပါပဲ။ OS မှာရှိတဲ့ ဖောင့်ကိုဆွဲသုံးတာမဟုတ်ကြောင်း စာရိုက်ပရိုဂရမ်နဲ့ယှဉ်ကြည့်ထားတဲ့ စကရင်ပုံလေးတွေ အောက်မှာပါ။ Safari ကိုတော့ သားဂိမ်းဆော့နေလို့ OS X မှာ မစမ်းလိုက်နိုင်ပါဘူး :)




သုံးပုံကတော့ ဂူဂယ်ရဲ့ အစပြုသုံးစွဲခြင်း မှာပြထားသလိုပါပဲ။
၁။ Blogger Dashboard -> Design -> Edit HTML သွားပြီး <head> အောက်မှာ ဝက်ဘ်ဖောင့်တောင်းဖို့ stylesheet link လေးထဲ့ပေးပါ။
<link href='http://fonts.googleapis.com/css?family=Tangerine' 
rel='stylesheet' type='text/css'/>
Blogger က strict HTML markup သုံးလို့ နောက်ဆုံးအပိတ် ">" မတိုင်ခင် မျဉ်းစောင်း "/" ထဲ့ပေးဖို့မမေ့ပါနဲ့။ Khmer subset ထဲ့ကြည့်တာတော့ပေးမသိမ်းပါဘူး။

၂။ ပြီးတော့ element style လေးတစ်ခု တောင်းထားတဲ့ဝက်ဘ်ဖောင့်နဲ့ လုပ်ပါတယ်။
p.khmer {
font-family: 'Hanuman', arial, serif;
font-size: 24px;
}

၃။ ဘလောဂ်ပိုစ်ထဲမှာ လိုချင်တဲ့ခမာစာလုံးကို အပေါ်ကစတိုင်လ်သုံးပြီးထဲ့လို့ရပါပြီ။
<p class='khmer'>ခမာစာလုံး</p>

ဘလောဂ်နေ့စွဲကိုလည်း ဂူဂယ်ဝက်ဘ်ဖောင့်က Tangerine စမ်းသုံးထားပါတယ်။ တော်တော်လှတဲ့ လက်ရေးဖောင့်ပါ။ ကျွန်တော်လည်း Masterpiece Handscript လေးသေချာပြန်ရေးဦးမယ်ဗျာ။

1 comment:

  1. စမ်းလုပ်တာ မရဘူးဖြစ်နေတယ်.. ကူပါအုံး

    ReplyDelete