Wednesday, January 28, 2009

ပရဟိတ ယူနီကုတ်ဘလောဂ်

မြန်မာယူနီကုတ်စစ်စစ်ဘလောဂ်လေးတစ်ခုပါ။ ပရဟိတ ယူနီကုတ်ပရောဂျက်နဲ့ တခြားယူနီကုတ်နဲ့ဆိုင်တာလေးတွေ မျှဝေမယ် စိတ်ကူးမိလို့ပါ။

တရုတ်နှစ်ကူးတုန်းက ပျင်းပျင်းနဲ့ google ထဲမှာ ကိုယ့်နံမယ်ကိုရှာကြည့်မိတော့ ဒီလင့်ခ်လေး (http://fedoraproject.org/wiki/Prahita_Masterpiece_Uni_Sans_font) သွားတွေ့ပြီး ကိုယ့်ဖာသာ တော်တော်အားမလို အားမရ ဖြစ်သွားတယ်။ ပရဟိတ ယူနီကုတ်ပရောဂျက်စတာ ၂၀၀၆ မေ၊ အစပိုင်းတော့တော်တော်အရှိန်ကောင်း၊ ယူနီကုတ် ၅.၁ ဖွန့် တင်တာကို ၂၀၀၈ ဩဂုတ် ကတည်းက။ ဒါပေမယ့် မအားတာ အကြောင်းပြပြီး ပန်ဂိုမော်ဒျူး ကိုဆက်မရေးဖြစ်ပြန်ဘူး။ အခုတော့ပြီးသွားပါပြီ၊ အတင်းကိုတွန်းရေးလိုက်တာ။

အခု ဘလောဂ်ရေးနေတာ fedora 9 နဲ့၊ mymr-pangomod-0.7.0 (release မလုပ်ရသေးပါဘူး) နဲ့ ပါ။ Input ကတော့ ဝိဇ္ဇာ ပါ၊ scim-waitzar (http://code.google.com/p/scim-waitzar/) တော်တော်လေးကောင်းပါတယ်။ SCIM IMEngine for WaitZar Myanmar input method ပါ။ စမ်းကြည့်မယ်ဆိုပြီးဒေါင်းထားတာကြာပြီ၊ ကောင်းတယ်ဗျာ။