Friday, February 17, 2012

Android ICS and Myanmar Unicode

Android 4.0 (Ice Cream Sandwich) ကို UI အသစ်လေးတွေသဘောကျလို့ nook color မှာ စမ်းကြည့်နေတာ။ ကျွန်တော့ Nexus One မှာတော့ MIUI သုံးပါတယ်။
ဘာရယ်မဟုတ်ဘူး။ Font changer နဲ့ မာစတာပိစ်ဖောင့်ပြောင်းပြီး ကြည့်ကြည့်တော့၊ တချို့သဝေထိုးတွေ အစဉ်ပြောင်းတာသွားတွေ့ပါတယ်။ ဝဆွဲတို့၊ ယပင့်တို့နဲ့ တွဲတဲ့ သဝေထိုးတွေ မပြောင်းတာ၊ ရရစ် အစဉ်မပြောင်းတာကြည့်ရင် ယူနီကုဒ် ဗားရှင်းအဟောင်းပေါ် အခြေခံထားဆဲလို့တွက်လို့ရပါတယ်။ စမ်းကြည့်ကြပါဦး။
(စာလုံးစီတာမှားရင် သည်းခံပေးကြပါ၊ ကီးမက်ဂျစ်နဲ့ရိုက်တာအသားမကျသေးလို့ပါ)

Wednesday, January 25, 2012

ဝင်းဒိုးစ်(၈) နှင့် မြန်မာယူနီကုဒ် (Windows 8 and Myanmar Unicode)

Windows 8 Developer Preview ထွက်ထားတာတောင် တော်တော်လေးကြာသွားပေမယ့် မြန်မာယူနီကုဒ်နဲ့ ပတ်သက်ပြီး review တွေ၊ bug report တွေ သိပ်မတွေ့ရပါဘူး။ စမ်းသပ်နေတဲ့ Opentype features တွေနဲ့ ဖောင့်တွေ ထွက်လာမလားလို့လည်း မျှော်နေမိတာပါ။ ကျွန်တော်လည်းစမ်းဖြစ်ပေမယ့် ရေးတဲ့ဆီမရောက်ပါဘူး။ Masterpiece Uni Sans ကို Windows 8 အတွက် ပြင်နေဆဲ စိတ်တိုင်းမကျသေးပါဘူး။

မြန်မာဖောင့် တစ်မျိုးပဲ ပါပါတယ်။ Myanmar Text ပါ။


Lion မှာလိုပဲ ယူနီကုဒ် ၅.၂ မဟုတ်သေးပါဘူး။ အောက်ကပုံမှာ အောက်မြစ်၊ အသတ် အစဉ်အမှန်ကို အစက်စက်နဲ့ အမှားပြနေတာတွေ့မှာပါ။



အောက်မှာ Opentype features တွေပြထားပါတယ်။ ကင်းစီး၊ သဝေထိုး၊ ရရစ် တို့နဲ့ ဗျည်းအစဉ်ပြောင်းပေးတာ၊ ဝဏ္ဏ (Syllable) ဖြတ်ပေးပြီး အစဉ်အမှားတွေစစ်ပေးတာ ဖောင့်ထဲမှာ Lookup မပါပါ၊ Shaping engine ကသာလုပ်ပေးပါတယ်။


GSUB features တွေကတော့-
  • rphf - Reph Forms
  • abvs - Above-base Substitutions
  • blwf - Below-base Forms
  • blws - Below-base Substitutions
  • pref - Pre-base Forms
  • pstf - Post-base Forms
  • psts - Post-base Substitutions နဲ့

    GPOS features တွေကတော့-
  • blwm - Below-base Mark Positioning
  • dist - Distances
  • mkmk - Mark to Mark Positioning
  • တို့ပဲဖြစ်ပါတယ်။
    ဖောင့်ထဲမှာ ရရစ်အကြီးကိုပဲ အကျယ်လေးမျိုးနဲ့ အပေါ်တို၊ အောက်တို၊ ဝဆွဲနဲ့ပေါင်းထားတာ၊ အားလုံးပေါင်း အမျိုး ၄၀ ပါပါတယ် (အလတ်က ဏကြီး နဲ့ အက္ခရာဩ၊ နောက်အလတ်က အက္ခရာဤ၊ အကျယ်ဆုံးက ဿကြီး နဲ့ အက္ခရာဪ ကို ရရစ်ဖို့ပါ :)။ ပါဌ်ဆင့်ကိုလည်း နှစ်ထပ် ထပ်ဆင့်ဖို့ အသေးလေးတွေနဲ့ ယပင့်အရှည်တွေလည်းပါပါတယ်။ နောက်မှ အသေးစိတ်ရေးနိုင်အောင် ကြိုးစားပါဦးမယ်။ အခုတော့ Windows 8 အတွက် အသစ်ရေးထားတဲ့ Masterpiece Uni Round ဖောင့်အသစ်လေးကို စမ်းကြည့်လို့ရအောင် ဝေမျှချင်ပါတယ်။ အရင် CoToe ရေးထားတဲ့ Masterpiece Round ဖောင့်ထဲက စာလုံးပုံတွေယူသုံးထားတာပါ။ အဲဒါကြောင့် ဒီဇိုင်နာကိုတော့ CoToe နံမည်နဲ့ပဲ ခရက်ဒစ်ပေးထားပါတယ်။


    ဟောဒီ မြန်မာစာလုံးပေါင်းစာရင်း ကို ဖောင့်အမျိုးမျိုး နဲ့စမ်းကြည့်ပြီး pdf ထုတ်ထားလေးတွေ ယှဉ်ကြည့်နိုင်အောင်ပါ။
  • Myanmar 3 (Windows 8)
  • Myanmar Text (Windows 8)
  • Masterpiece Uni Round (Windows 8)
  • Masterpiece Uni Round (Pango, Fedora 16)