Wednesday, October 27, 2010

mymr-pangomod-0.8.0 - အသတ် နှင့် အောက်မြစ်

ဒီနေ့တော့ Myanmar Opentype spec မဆက်နိုင်တော့ဘူး၊ အရေးပော်တစ်ခု ပော်လာလို့ mymr-pangomod ပြန်လုပ်နေရတာ။ အသတ် နဲ့ အောက်မြစ် အစဉ်ပြဿနာပာ။ မနေ့က MITP မှာ ကိုLionslayer ရဲ့ ယူနီကုတ် စာလုံးစီပုံ ဆွေးနွေးချက်လေး သွားတွေ့တာက စတာပါ။ ကောင်းတယ်ဟ ဆိုပြီးဖတ်ရင်းနဲ့ အသတ် နဲ့ အောက်မြစ်တွေ အမှားပြနေတာ သတိထားမိပာတယ်။ (အောက်ပုံ ညာဘက်ခြမ်းမှာကြည့်ပါ) အရိုက်မှားတာနေမှာပာဆိုပြီး ဆက်ဖတ်နေရာက မသင်္ကာလို့ အရင်ပို့စ်တွေပြန်ကြည့်တော့ မှန်နေသား (အောက်ပုံ ဘယ်ဘက်ခြမ်း၊ MITP မှာ ယူနီကုတ်ပို့စ်ကလည်း အရှားသား)

အောက်မှာ "အဲဒီနောက်မှာမှ 'သေးသေးတင်၊ အောက်ကမြစ်၊ ဝစ္စပေါက်၊ အသတ်' တွေကို နောက်ဆုံးပိတ် ထည့်ပါတယ်။ အသတ်ကိုတော့ အသံကို သတ်ပစ်တယ်လို့ သတ်မှတ်ပြီး အောက်ကမြစ်နဲ့ ယှဉ်လာရင် နောက်ဆုံးမှ ထည့်ပါတယ်။" လို့ရေးထားတာသွားတွေ့တော့မှ တော်တော်ဦးနှောက်ခြောက်သွားပါတယ်။ တောက်လျှောက်သိထားတာ အသတ်၊ အောက်မြစ်။ mymr-pangomod မှာရေးထားတာလည်း အသတ်၊ အောက်မြစ်။ 5.1 မှာပြောင်းတယ်လို့လည်း သိမထားပါဘူး။ နောက်ဆုံး မကျေနပ်လို့ Technical note ပြန်လှန်ရပါတော့တယ်။ အစဉ်ဇယားက အတိုကောက်အသုံးအတွက် အသတ်ကိုပဲ အမြဲကြည့်နေခဲ့တာ၊ အောက်နားက မြင်နိုင်တဲ့ဝိရာမ (visible virama ကိုဘာသာပြန်လိုက်တာလက်လွန်သွားတယ် :) ကို မမြင်မိဘူး။ Normalization မှာရေးထားတာတော့ရှင်းပါတယ်။ ငြင်းစရာကိုမရှိတော့ပါဘူး။ ဒါနဲ့ပဲ mymr-pangomod ပြင်ရတဲ့အဆင့်ရောက်သွားရော၊ ubuntu package လေးပါပြန်လုပ်နေတော့ ဒီနေ့မှ အဆုံးသတ်နိုင်ပါတယ်။ အောက်မှာ screenshot လေးပါ။ Normalization မှာ Rendering က အစဉ်နှစ်ခုလုံးပြနိုင်ရင် ကောင်းမယ်လို့ဆိုထားပေမယ့် အောက်မြစ် နောက်ကလာရင်အမှားအနေနဲ့ပဲပြထားပါတယ်။

အရင်ကတောက်လျှောက် ဝိဇ္ဇာ နဲ့ပဲရိုက်နေတာ၊ ဝိဇ္ဇာကလည်းမှားနေတာပော့။ ဝိဇ္ဇာက အခုသုံးနေတဲ့ ubuntu 10.04 နဲ့ အဆင်မပြေသေးလို့ ibus-m17n သုံးနေရတာ အောက်မြစ်၊ အသတ် ကိုတော်တော်သတိထားပြီး ရိုက်နေရပါတယ်။ အောက်မြစ်၊ အသတ်။ အောက်မြစ်၊ အသတ်။ တော်တော်တော့ ကသိကအောက်နိုင်သား။
စမ်းချင်သူများအတွက် mymr-pangomod-0.8.0 လင့်လေးတွေပါ။ sourceforge မှာတော့ release မလုပ်သေးပါဘူး။

source package
mymr-pangomod-0.8.0.tar.bz2

ubuntu binary package
mymr-pangomod_0.8.0-0ubuntu1_i386.deb

ubuntu source packages
mymr-pangomod_0.8.0.orig.tar.gz
mymr-pangomod_0.8.0-0ubuntu1.diff.gz
mymr-pangomod_0.8.0-0ubuntu1.dsc

fedora 14 binary package
mymr-pangomod-0.8.0-1.fc14.i386.rpm

fedora 14 source package
mymr-pangomod-0.8.0-1.fc14.src.rpm

2 comments:

  1. mymr-pangomod-0.8.0 has been released on source forge and links above are updated with source forge download links

    ReplyDelete