Monday, October 25, 2010

Myanmar Opentype specification - features (1)

တကယ်ကိုချရေးဖြစ်ပါပြီ။ အစက ရည်ရွယ်ချက်က Microsoft ရဲ့ ပုံစံအတိုင်းရေးဖို့ပါ။ သူတို့မူကြမ်းကို ဒီလင့်မှာ တွေ့နိုင်ပါတယ်။ ကျန်တဲ့အပိုင်းတွေကိုချန်ပြီး အဓိကကျတဲ့ features ကိုပဲ ဦးစားပေးရေးသွားပါမယ်။ Copyright အရ သူတို့ပုံစံအတိုင်းမရေးတော့ဘဲ အဆင်ပြေသလို feature တစ်ခုချင်း နမူနာလေးတွေနဲ့ နမူနာကိုလည်း အတတ်နိုင်ဆုံး စုံလင်အောင် ကြိုးစားတင်ပြသွားပါမယ်။ feature တွေရဲ့ ဖော်ပြချက်အပြည့်အစုံကိုတော့ သူတို့မူကြမ်း နဲ့ OpenType specification ကိုသာ ရည်ညွှန်းကြပါတော့။ သူတို့မူကြမ်းက Unicode Version 4 ပေါ်မှာ အခြေခံထားတာဆိုတော့ terms မှာလည်း ဖြည့်စွက်ပြင်ဆင်စရာလေးတွေရှိပါတယ်။ features တွေမှာလည်း ရရစ်အတွက်ဖြစ်တဲ့ pref (Pre-base forms) ဆို ပါတော့မယ်မဟုတ်သလို mkmk (Mark to mark positioning) ဆို သူတို့မူကြမ်းမှာ မပါပါဘူး။


Above-base form

Feature Tag: "abvf"

Typical use is for "Kinzi". When consonant "NGA" forms consonant cluster with other consonant, "NGA" is rendered as above-base form, rises over the second consonant and keeps its visual virama (asat), rather than pushing the second consonant below it as below-base form.


အင်္ဂါနေ့ 1021 1004 103A 1039 1002 102B 1014 1031 1037 Tuesday

No comments:

Post a Comment