Tuesday, December 1, 2009

fedora 12, mymr-pangomod and ibus-waitzar

ဒီတစ်ခါတော့ fedora 12 ပေါ်မှာ mymr-pangomod နဲ့ ibus-waitzar စမ်းကြည့်ကြရအောင်။
ကံဆိုးစွာပဲ fedora 12 ရဲ့ pango ဗားရှင်းကလဲ 1.26 ဖြစ်နေပါတယ်။ mymr-pangomod ကောင်းကောင်းအလုပ်လုပ်ဖို့ အရင် ပိုစ်တုန်းက patch လေးတင်ရပါမယ်။
fedora 12 အင်စတောလေးရှင်းက livecd ကတင်တာဆို software update လုပ်ပေးပါ။ တရားဝင်အင်စတောလေးရှင်းလမ်းညွှန် ကတော့ System → Administration → Update System လို့ ဆိုပေမယ့် System → Administration → Software Update ပဲ ရှိပါတယ်။ တစ်ခါတစ်လေ အကြာကြီး စောင့်ပြီးမှ error ပေးပြီး ထွက်သွားတတ်ပါတယ်။ ဒါပေမယ့် ဘာမှားလဲ မသိရတတ်ပါဘူး။ အကောင်းဆုံးကတော့ အောက်က command နဲ့ update လုပ်ပါ။
 su -c 'yum update'
yum နဲ့ update လုပ်တာက ဘာတွေ download လုပ်နေလဲ၊ ဘယ်လောက်ပြီးပြီလဲ၊ ပြပေးသလို ဘယ်မှာတစ်နေလဲ လည်းသိနိုင်ပါတယ်။ ခုနောက်ပိုင်း update က Presto/Delta သုံးရင် drpm ဖိုင်က download မြန်ပေမယ့် တစ်ခါတစ်ခါ mirror အားလုံးလှည့်စမ်းရင်း မရဘဲ တစ်နေတတ်တယ်။ အဲ့ဒါမျိုးဆို Ctrl+C နဲ့ ရပ်ပြီး တစ်နေတဲ့ package ကို ဟောဒီ က download လုပ်၊ install လုပ်၊ ပြီးတော့မှ update ဆက်လုပ်ရင်ပိုမြန်ပါတယ်။
pango ပြန် compile လုပ်ရမှာဆိုတော့ development tools နဲ့ pango ရဲ့ dependency တွေရှိရပါမယ်။
su -c 'yum groupinstall "Development Tools"'
ပြီးရင် pango source rpm ကို download လုပ်ပြီး install လုပ်ပါ။
cd ~
wget http://kojipkgs.fedoraproject.org/packages/-
pango/1.26.0/1.fc12/src/pango-1.26.0-1.fc12.src.rpm
su -c 'rpm -ivh pango-1.26.0-1.fc12.src.rpm'
ကိုယ့် home ဖိုဒါ အောက်မှာ rpmbuild ဖိုဒါ တွေ့ရပါမယ်။ patch ကို rpmbuild/SOURCES၊ pango.spec ကို rpmbuild/SPECS အသီးသီးကူးထည့်ပေးပါ။
cd rpmbuild/SOURCES
wget http://prahita.sourceforge.net/files/lookup-flag.patch
cd ../SPECS
rm pango.spec
wget http://prahita.sourceforge.net/files/pango.spec
pango rpm package ပြန် compile လုပ်လို့ရပါပြီ။ rpm package က rpmbuild/RPMS/i686 အောက်မှာပါ။ Install လုပ်လိုက်ပါဦး။
rpmbuild -bb pango.spec
rpm -Uvh --force ../RPMS/i686/pango-1.26.0-1.fc12.i686.rpm
mymr-pango rpm package ကို mmitpro က download လုပ်ပြီး install လုပ်နိုင်ပါတယ်။ (fedora 10 နဲ့ fedora 11 package တွေ စမ်းဖို့တင်ထားတာပါ။ တုံ့ပြန်ချက်လဲ ကောင်းကောင်းမရတာနဲ့ sourceforge မှာ release မလုပ်ရသေးပါ) fedora 12 နဲ့လည်း အလုပ်လုပ်ပါတယ်။ (mmitpro က download လုပ်ရင် ဘာလို့ ဖိုင်နံမည်မှာ မျဉ်းတို "-" တွေကျခဲ့လဲ မသိဘူး)
cd ~
wget http://myanmaritpros.com/group/mmunicode/forum/attachment-
/download?id=1445004%3AUploadedFi58%3A148935
rpm -ivh mymrpangomod0.7.02.fc11.i586.rpm
ဖွန့် ကတော့ ကိုယ်ဖာသာ အင်စတောလုပ်ယူရပါမယ်။ အလွယ် ဒေါင်းလုပ်လုပ်နိုင်အောင် ဒီမှာ တင်ထားပေးပါတယ်။
su -c 'mkdir /usr/share/fonts/ttf-masterpiece'
cd /usr/share/fonts/ttf-masterpiece
su -c 'wget http://prahita.sourceforge.net/files/MasterpieceUniSans.ttf'
fc-cache
ဒါဆိုရင်တော့ fedora 12 ပေါ်မှာ မြန်မာယူနီကုဒ်ကို စသုံးနိုင်ပါပြီ။ နောက်နေ့မှ ibus-waitzar ဆက်ပါမယ်။

No comments:

Post a Comment