Tuesday, November 24, 2009

mymr-pangomod-0.7.0, ubuntu 9.10 and ibus-waitzar

Seth က ibus-waitzar စမ်းဖို့ လင့်ခ်လေးပေးလာပါတယ်။ ibus စမ်းချင်တာနဲ့ ubuntu 9.10 တင်ထားတာ အတော်ပဲဖြစ်သွားတယ်။ အဲတော့မှ သတိထားမိတာ mymr-pangomod က တချို့စာလုံးတွေ (အထူးသဖြင့် အောက်မြစ်နေရာရွှေ့တာ) မှားနေတာပါ။


ပထမတော့ ubuntu 9.04 package က 9.10 နဲ့ အဆင်မပြေလို့ထင်တာနဲ့ compile ပြန်လုပ်ကြည့်တော့လဲ မထူးဘူး။ ထုံးစံအတိုင်းဟိုရှာသည်ရှာပေါ့၊ နောက်ဆုံး မိတ်ဆွေကြီး Keith ရဲ့ bug report လေးနဲ့ အိုကေသွားပါတယ်။ pango 1.26 ရဲ့ opentype mark rule နဲ့ ပတ်သက်တဲ့ bug ပါ။ (နောက်မှ မြန်မာယူနီကုဒ် font အတွက် opentype rule တွေ အကြောင်းရေးပါဦးမယ်၊ ကြီးကြီးကျယ်ကျယ် ပြောရရင်တော့ myanmar opentype spec ပေါ့) pango ပြန် compile လုပ်ရတော့ နဲနဲ အလုပ်ရှုပ်သွားတာပေါ့။ mymr-pangomod ကို ubuntu 9.10 နဲ့စမ်းချင်သူများအတွက် အောက်မှာ နည်းလမ်းလေးပါ။ pango-graphite နဲ့ ttf-sil-padauk အတွက်လဲ လိုပါတယ်။

pango source ကို download အရင်လုပ်ပါ။
wget https://launchpad.net/ubuntu/+archive/primary/+files/-
pango1.0_1.26.0.orig.tar.gz
wget https://launchpad.net/ubuntu/+archive/primary/+files/-
pango1.0_1.26.0-1.diff.gz
wget https://launchpad.net/ubuntu/+archive/primary/+files/-
pango1.0_1.26.0-1.dsc
ပြီးရင်အောက်က command က tar-ball ကိုဖြည်ပေးပြီး diff ပါ apply လုပ်ပေးပါလိမ့်မယ်။
 dpkg-source -x pango1.0_1.26.0-1.dsc 
pango1.0-1.26.0 ဆိုတဲ့ folder ကိုတွေ့ရပါမယ်။ patch ဖိုင် download လုပ်ပြီး အောက်ကအတိုင်း patch လုပ်ပြီးရင် binary package build လုပ်ဖို့ အဆင်သင့်ဖြစ်ပါပြီ။
wget http://prahita.sourceforge.net/files/lookup-flag.patch
cd pango1.0-1.26.0
patch -p1 < lookup-flag.patch
build လုပ်ပြီးရင် ရလာတဲ့ libpango1.0-0_1.26.0-1_i386.deb ကို install လုပ်ရုံပါပဲ။ (build လုပ်ဖို့အတွက် pango build dependencies တော့ရှိရပါမယ်၊ ဟောဒီမှာ ပဲကြည့်လိုက်ပါတော့)
fakeroot debian/rules binary
dpkg -i libpango1.0-0_1.26.0-1_i386.deb
mymr-pangomod ပဲဖြစ်ဖြစ် pango-graphite ပဲဖြစ်ဖြစ် ပြန် install လုပ်ဖို့လိုပါလိမ့်မယ်။
ဟူး ခုမှပဲ ibus-waitzar စမ်းတဲ့ဆီ ရောက်တော့တယ်။ Installation ကတော့ iwaitzar_install_guide.pdf အတိုင်းပါပဲ။ အခု post ရေးနေတာ ibus-waitzar နဲ့ပါ။ စမ်းကြည့်သလောက်တော့ အားလုံးအဆင်ပြေပါတယ်။ တစ်ခုပဲ candidate window မှာ candidate တွေ render လုပ်တာ pango မသုံးသလိုပဲ၊ ဒီဟာက ibus ကိုက pango မသုံးလို့နဲ့တူပါတယ်။

;

3 comments:

  1. Friend, do you have both Zawgyi and Padauk installed at the same time? It seems that your candidate list is not rendering properly.

    You should add a line to /etc/fonts/local.conf , or, just copy the one from scim-waitzar:
    http://scim-waitzar.googlecode.com/svn/trunk/local.confg

    That way, you will be able to see what you type before committing it.

    Or, if you want to type in Zawgyi, you should edit:
    /usr/share/ibus-waitzar/engine/engine.py and in lines 88 and 599 change:

    ENCODING_UNICODE to ENCODING_ZAWGYI
    and
    libwaitzar.encoding.unicode to libwaitzar.encoding.zawgyi

    Cheers,
    -->Seth

    ReplyDelete
  2. Hi Seth,
    Thanks for advice. I have only Masterpiece Uni Sans installed at that time.

    MyoHtet

    ReplyDelete
  3. စမ်းသပ်ြကည့်ဖို့ ထပ်လာပါဦးမယ်။

    သင်ကာ

    ReplyDelete