
အောက်မှာ "အဲဒီနောက်မှာမှ 'သေးသေးတင်၊ အောက်ကမြစ်၊ ဝစ္စပေါက်၊ အသတ်' တွေကို နောက်ဆုံးပိတ် ထည့်ပါတယ်။ အသတ်ကိုတော့ အသံကို သတ်ပစ်တယ်လို့ သတ်မှတ်ပြီး အောက်ကမြစ်နဲ့ ယှဉ်လာရင် နောက်ဆုံးမှ ထည့်ပါတယ်။" လို့ရေးထားတာသွားတွေ့တော့မှ တော်တော်ဦးနှောက်ခြောက်သွားပါတယ်။ တောက်လျှောက်သိထားတာ အသတ်၊ အောက်မြစ်။ mymr-pangomod မှာရေးထားတာလည်း အသတ်၊ အောက်မြစ်။ 5.1 မှာပြောင်းတယ်လို့လည်း သိမထားပါဘူး။ နောက်ဆုံး မကျေနပ်လို့ Technical note ပြန်လှန်ရပါတော့တယ်။ အစဉ်ဇယားက အတိုကောက်အသုံးအတွက် အသတ်ကိုပဲ အမြဲကြည့်နေခဲ့တာ၊ အောက်နားက မြင်နိုင်တဲ့ဝိရာမ (visible virama ကိုဘာသာပြန်လိုက်တာလက်လွန်သွားတယ် :) ကို မမြင်မိဘူး။ Normalization မှာရေးထားတာတော့ရှင်းပါတယ်။ ငြင်းစရာကိုမရှိတော့ပါဘူး။ ဒါနဲ့ပဲ mymr-pangomod ပြင်ရတဲ့အဆင့်ရောက်သွားရော၊ ubuntu package လေးပါပြန်လုပ်နေတော့ ဒီနေ့မှ အဆုံးသတ်နိုင်ပါတယ်။ အောက်မှာ screenshot လေးပါ။ Normalization မှာ Rendering က အစဉ်နှစ်ခုလုံးပြနိုင်ရင် ကောင်းမယ်လို့ဆိုထားပေမယ့် အောက်မြစ် နောက်ကလာရင်အမှားအနေနဲ့ပဲပြထားပါတယ်။

အရင်ကတောက်လျှောက် ဝိဇ္ဇာ နဲ့ပဲရိုက်နေတာ၊ ဝိဇ္ဇာကလည်းမှားနေတာပော့။ ဝိဇ္ဇာက အခုသုံးနေတဲ့ ubuntu 10.04 နဲ့ အဆင်မပြေသေးလို့ ibus-m17n သုံးနေရတာ အောက်မြစ်၊ အသတ် ကိုတော်တော်သတိထားပြီး ရိုက်နေရပါတယ်။ အောက်မြစ်၊ အသတ်။ အောက်မြစ်၊ အသတ်။ တော်တော်တော့ ကသိကအောက်နိုင်သား။
စမ်းချင်သူများအတွက် mymr-pangomod-0.8.0 လင့်လေးတွေပါ။ sourceforge မှာတော့ release မလုပ်သေးပါဘူး။
source package
mymr-pangomod-0.8.0.tar.bz2
ubuntu binary package
mymr-pangomod_0.8.0-0ubuntu1_i386.deb
ubuntu source packages
mymr-pangomod_0.8.0.orig.tar.gz
mymr-pangomod_0.8.0-0ubuntu1.diff.gz
mymr-pangomod_0.8.0-0ubuntu1.dsc
fedora 14 binary package
mymr-pangomod-0.8.0-1.fc14.i386.rpm
fedora 14 source package
mymr-pangomod-0.8.0-1.fc14.src.rpm
Nov 5, 2010 - Added Packages for Fedora 14
ReplyDeletemymr-pangomod-0.8.0 has been released on source forge and links above are updated with source forge download links
ReplyDelete