Saturday, December 26, 2009

ဇော်ဂျီ မှ ယူနီကုဒ် ၅.၁ သို့ပြောင်းခြင်း

ကျွန်တော် linux သုံးတဲ့အချိန်ဆို တခြားဘလောဂ်တွေဖတ်ရတာအဆင်မပြေပါဘူး။ ကျွန်တော့်အစ်ကိုဘလောဂ် အပါအဝင်ပေါ့။ သူ့ဘလောဂ်ဆို စကာစက ဖောင့်ရွေးတာလေးထည့်ပေးထားတော့ အဆင်ပြေသေးတယ်။ နောက်ပိုင်းကျတော့ ဘာဖြစ်လို့လဲမသိဘူးဖြုတ်ပြစ်လိုက်တော့ အဆင်မပြေတော့ဘူး။
ဒီညတော့ဘာရယ်မဟုတ်ဘူး လျောက်ရှာရင်း ဒါလေး သွားတွေ့တယ်။ Firefox extension Greasemonkey ထဲမှာ user script သုံးထားတာပါ။ အရင်တင်လိုက်ပါဦး။ Firefox အောက်ညာဖက်က မျောက်ပုံလေးကို ညာကလစ်နှိပ်ပြီး New User Script... ရွေးလိုက်ပါ။ Name နဲ့ Namespace ပေးပြီး အိုကေနှိပ်လိုက်ရင် ပထမဆုံးအကြိမ်ဆို editor ရွေးခိုင်းပါလိမ့်မယ်။ /usr/bin/gedit ပေးလိုက်ပါ။ gedit ထဲမှာ source code အကုန်လုံးကူးထည့်လိုက်ရုံပါပဲ။ မူလရေးသူမသိလို့ ကျေးဇူးမတင်နိုင်တာ စိတ်မကောင်းပါဘူး။ ဘားဂလစ်ရှ်အဖွဲ့ကဖြစ်မယ်ထင်ပါတယ်။

No comments:

Post a Comment